စမ်းချောင်းမြို့နယ် အမှတ် ( ၂) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေး စုံညီပွဲတော်ကျင်းပ

စမ်းချောင်း  ဇန်နဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်း မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက မင်္ဂလာပါ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ် ပညာရေးမှူး ဒေါ်စန္ဒာဦးကအမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများ၊ လူရည်ချွန် ရရှိသူများ၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိ သူများ၊ ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲတွင် ဆုရရှိ သူများ၊ စာစီ စာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများ၊ ကာယဉာဏ ဘက်စုံထူးချွန်ဆု ရရှိသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၆၀)ဦးအား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက အက ပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မြို့နယ် ပညာရေးမိသားစုမှ မြနန္ဒာ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲဝင် (၂) ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား‌မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)