သာစည် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပစ္စည်းများကို ယမန်နေ့က တာဝန်ရှိသူများ ကုက္ကိုပေါက်ကျေးရွာ၊ဉာဏ်ကန်ကျေးရွာ၊ ပေါက်ချောင်းကျေး ရွာနှင့် သနပ်ကန်ကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းထောက်ပံ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးအေးမင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များနှင့် လူမှုရေးအသင်း အဖွဲ့များက ကျေးရွာများရှိ ပြင်ဆင်ရန် အခက်အခဲရှိပြီး အမှန်တကယ်လိုအပ်သည့် အိမ်များအတွက် အမိုး၊ အကာ၊ အခင်း၊ ဝါး၊ တိုင်များအား လက်ဝယ်အရောက် ပေးအပ်ပြီး ပြင်ဆင်မှုများကိုကြည့်ရှုခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာ အုပ်စု ၂၆ အုပ်စုရှိ အိမ်ခြေ ၈၁၃ အိမ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)