ကွန်ဟိန်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က (ကွန်ဟိန်း) ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတီမာန်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် အ.ထ.က (ကွန်ဟိန်း) ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ဝင့်သန္တာထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းနိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)