မိုင်းတုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့မရဲစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပ ဒေများနှင့် အညီအထူးရဲများ ခန့်အပ်ပေးခြင်းဖြစ်ကြောင်း၊ ရွေကောက်ပွဲကာလ လုံခြုံရေးတာဝန်များကို သံန္ဓေတပ် ဖွဲ့ဝင်များနှင့်အတူ တွဲဖက်တာဝန်ထမ်းဆောင်စေမှာဖြစ်ကြောင်း၊ သင်တန်းတွင် စနစ်တကျ လေ့လာသင်ယူပြီး လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရန်/ရှောင်ရန်များကို သိရှိပြီးဖြစ်သည့်အတွက် ရွေး ကောက်ပွဲကာလ လုံခြုံရေးတာဝန်များကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြစေ လိုကြောင်း အမှာစကားပြောကြားသည်။
မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံ(၆၄)ရုံတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၆၄)ဦးတို့အား အောက်တိုဘာလ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ သင်တန်းကာလ(၂၈)ရက်ကို ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)