သီပေါ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ရွှေကျောင်းမိုးကုတ်ဝိပဿနာရိပ်သာရှိ သာသနာအနွယ်ဝင် သီလရှင် ဆရာကြီး/ ဆရာလေး(၃၀)ပါးအား ကိုဗစ်−၁၉ ကာလ အတွင်း ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်များကို အလှူရှင်များမှယနေ့ နံနက်ပိုင်းက အဆိုပါ ရွှေကျောင်း ရိပ်သာတွင် လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက် နယ်မြေ(၃)နေ ဦးသန်းဦး၊ ဒေါ်နီနီ(ရွှေတံခါးပရိဘောဂ) မိသားစုမှ သီလရှင် ၁ ပါးလျှင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစရှိသည့် အခြေခံစားသောက်ကုန်(၁၆)မျိုးကို သီလရှင် ဆရာကြီး/ဆရာလေး(၃၀)ပါးအတွက် လှူဒါန်းရာ အလှူရှင်များနှင့်အတူ သီပေါမြို့ ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင် များက ကူညီကုသိုလ်ယူလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)