မိုင်းပန်မြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

မိုင်းပန် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို (၂၈) ရက်ကြာ သင်ကြားခဲ့ပြီး ယနေ့ နံနက် () နာရီ အချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဝင်းမှ အမှာစကား ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အထူးရဲသင်တန်းတွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့် ဝတ်ဘာသာရပ်၊ လူ့အခွင့်အရေးဘာသာရပ် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရာဇသတ်ကြီးဥပဒေဘာသာရပ်၊ ရဲအက်ဥပဒေဘာသာရပ်၊ ရာဇဝတ် ကျင့်ထုံး ဥပဒေဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် သိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာ ဥပဒေနှင့်ကျင့်ဝတ်၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ လက်နက်မဲ့စစ်ရေးပြ စသည့် ဘာသာရပ်များကို သင်တန်းမှူး ရဲအုပ် အောင်မျိုးမင်းနှင့် အခြား သင်တန်းနည်းပြ () ဦးတို့မှ အထူးရဲ သင်တန်းသား (၃၂) ဦးအား စာတွေ့ လက်တွေ့ သင်တန်းပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)