ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် ၅၈ ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၅၈ ရပ်ကွက် ဦးဘဟန်လမ်း CU 001၊ ဦးဟန်တင်လမ်း CU 002နှင့် ဆရာမြင့်လမ်း CU 003 တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံတင်ခြင်း ( ဆ- ၀၂) ကောက်ယူ ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြတ်သူရွှေ၊ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ပြီး မြို့နယ်လဝကဦးစီးမှူး ဦးအေးကျော်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆောက်အအုံတွင် လူနေ၊ မနေ၊ ကျား၊ မအရေအတွက် အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ၂၀၂၄ခု နှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ထိ စာရင်းကောက်အဖွဲ့ဝင်များမှ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ