မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာသင်‌ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲအခမ်း အနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉း၀၀)နာရီ၌ စာသင်‌ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးဌေးလင်းဦးက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာဗဟုသုတများ၊ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများစသည့် အကြောင်းအရာများကိုဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 အဆိုပါအခမ်းအနားသို့ ဆရာမများနှင့် ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)