ဒလ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရွှေရည်ဝင့်ဝါစိုးက လေထုညစ်ညမ်းမှုအကြောင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အိုဇုန်းလွှာပျက်စီးခြင်းအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများကလေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့ဝင်များ၊ ကျောင်သား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)