ဒဂုံမြို့သစ် (တောင်းပိုင်း)မြို့နယ် မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ  ၁၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၈ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ဒဂုံမူလတန်းကြိုကျောင်း၌   ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေးအတွက် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်ရတီက ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် မိဘ၊ ဆရာများပူး‌ပေါင်းပြီး ကလေးများကို နည်းစနစ်မှန်စွာ ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အားကစားပြိုင်ပွဲများ ကျင်းပရာ မူကြိုကလေးငယ်များက အပြေးပြိုင်ပွဲ၊ အားလူကောက်ပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ အရောင်ရွေးခြယ်ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊‌ ဘောလုံးညှပ်ပြိုင်ပွဲ၊ ကြိုးသီ၊ ဗူးဆင့်၊ အရုပ်ထောင်ပြိုင်ပွဲနှင့် အင်္ကျီဝတ်ပြိုင်ပွဲ စသည့် ကာယစွမ်းရည်ပြိုင်ပွဲတို့ကို ပွဲစဉ်အလိုက် ကလေးငယ်များက တပျော်ပါး ပါဝင်ယှဉ်ပြိုင်ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေးကြပြီး အာဟာရမုန့်များ ဝေငှပေးခြင်း၊ ဆုရရှိက‌‌လေးငယ်များအား ဒိုင်းဆုများပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

သန်းသန်းအေး