ကော့မှူး ဇန်နဝါရီ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်အ.မ.က(မြို့သစ်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်သို့လာရောက်၍ စာငှားစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာပေဖတ်ရှုသူတွေဟာသူများ ထက်မသိတာမရှိ၊ ကိစ္စတိုင်းကိုစူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင်ဘယ်အလုပ်ကိုဝါသနာ ပါတယ်ဆိုတာတောင်ခန့်မှန်းနိုင်ကြကြောင်း၊ စာဖတ်မှသာလျှင်မိမိဘဝတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စာအုပ်စာပေဆိုတာ ဘဝအတွက် တည်ငြိမ်အေးချမ်းသောသူငယ်ချင်း၊ သဘောထားကြီးတဲ့ဆရာတစ်ဆူဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)