လွိုင်လင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ပညာရေးဌာန၊ Shan Unitedနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော (၁/၂၀၂၄)အခြေခံဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ Shan United နည်းပြချုပ် ဦးဟန်ဝင်းအောင်မှ သင်တန်းဆင်းအမှာစကား ပြောကြားပေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြဆရာများ၊ အလူရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြင့်ပေးခဲ့ကာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက ဘင်ခရာ၊ ပန်းပွါးအက၊ အလှတို့ဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)