မြန်မာအီလက်ထရောနစ်စနစ် မဲပေးစက် (MEVM)စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းကျင်းပဆောင်ရွက်

ချမ်းအေးသာစံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)အား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းအခမ်းအနား ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီက ၆၈×၆၉ လမ်းကြား ၂၇လမ်းရှိ အ.ထ.က(၁၆) ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)အား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်း အခမ်းအနားတွင် ချမ်းအေးသာစံမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်မဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအား မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)အား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်စေပြီး၊ မဲဆန္ဒရှင်ပြည်သူများအားလည်း လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)စက် ရှင်းလင်းပြသခြင်းနှင့်  လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းကို ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (၂)ရက်တိုင်တိုင် မဲဆန္ဒရှင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်