လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာမဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာသဘာဝ၊ ဆရာဟန်ညွန့် (ယဥ်ကျေးမှု)၊ ဆရာ​စျာန်(စွမ်းအင်)၊ ဆရာမဒီရာ (စွမ်းအင်)၊ ဆရာကျော်လွင်မြင့်(မှော်ဝန်း)၊ ဆရာမောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ)၊ ဆရာမနန်းနန်း(စပါးကျီ)၊ ဆရာရွှေပြည်စိုး(မိုးကုတ်)၊ ဆရာမမေချို(ပျဥ်းမနား)၊ ဆရာမသက်သက်မွန်၊ ဆရာလင်းထွဋ်၊ ဆရာမနှင်းနှင်းလွင်၊ သာစည်ဗိုလ်စံနှင့် ဆရာခင်မောင်ထွန်းတို့က စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်)၏ မေတ္တာလွှမ်းခြုံ ပန်းသင်းထုံစာအုပ်အား ဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)