မိုးနဲ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြဖူးဝေငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရာ သဘာပတိအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မြင့်က အမှာစကားပြောကြားကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသင်းတိုးတက်ရေးအတွက် လမ်းညွှန်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် အသင်းသားများက အမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်း၊ နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းများ ဖတ်ကြားတင်သွင်းခြင်းတို့ကို အသီးသီးတင်သွင်းခဲ့ရာ တင်သွင်းချက်များအပေါ် သဘာပတိအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မြင့်က အတည်ပြုပေးခဲ့ပြီး အသင်းသားများနှင့် အပြန်အလှန် အထွေထွေဆွေးနွေးပြီးနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ပြန်လည်ထွက်ခွာ၍ အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသန်းအောင်နှင့် သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ဝန်ထမ်းများ၊ အသင်းသူ၊ အသင်းသားများ စုပေါင်းအင်အား ၉၀ဦးခန့်တက်ရောက်ခဲ့ပြီး ဆုကြေးငွေအပေါ်အတိုးနှင့် စားသုံးဆီ တစ်လီတာဘူးများကို အသင်းသား (၃၄၄)ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ