ရွာငံ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးကျော်မျိုးသန့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုစီမံကိန်းနှင့်ပက်သက်၍ စာချုပ်ပါအချက်အလက်များအား ဖတ်ကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ကြမည့် တောင်သူများနှင့် စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ဆက်လက်၍ လုပ်ငန်းရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေ စီမံကြီးကြပ်မှုကော်မတီဝင်များက ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ကြမည့် အစုအဖွဲ့များသို့ ချေးငွေပမာဏ ကျပ်သန်း ( ၃၀၅.၅၀)ကို နိုင်ငံ့စီးပွားမြှင့်တင်ရေရန်ပုံငွေ ထုတ်ချေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်