(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်​ဆေးရောင်ခြယ်ပြိုင်ပွဲ ချီဖွေမြို့နယ်၌ ကျင်းပ

ချီဖွေ ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ  အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေများဖတ်ရှု့၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီခွဲတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိခိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာအုပ်စာပေလေ့လာဖတ်ရှု ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဟောပြောပြီး (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်​ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘာလဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယော်ကိ(ပြန်/ဆက်)