ပူတာအို ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့် လူငယ်များနုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်စွမ်းအားမြှင့်မားလာစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဇန်နဝါရီ(၁၈)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ လူငယ်စကားဝိုင်းတွင် ဦး ဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်သည်။
လူငယ်စကားဝိုင်းတွင် သင်တန်းသူ မ အားချီဒီက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူ မ နားချယ်ဒွေ့က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူ မ မာဆာဒါက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူ မ ချာမာရဲ့က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် သင်တန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီနှင့် ဆရာမများ၊ သင်တန်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ များကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)