မန်ကန် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာတွင် ဒေသခေါ်ခေါင်စိန်ခေါက်ဆွဲပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာနေ ဒေါ်နန်းမြမိသားစုသည် ဒေသခေါ်ခေါင်စိန်ခေါက်ဆွဲပြုလုပ်ရောင်းချခြင်းဖြင့် မိသားစူအပိုဝင်ငွေရရှိကြောင်း သိရသည်။ “ခေါင်စိန်ခေါက်ဆွဲပြုလုပ်ရာတွင် ဆန်ကို (၅)ရက်ကြာရေစိမ်၍ ထောင်ကာမုန့်နှစ်ပြုလုပ်ကာ ဒေသခေါ်ခေါင်စိန်ခေါက်ဆွဲပြုလုပ်ရကြောင်း၊ ဒေသခေါ်ခေါင်စိန် (ဝ)ခေါက်ဆွဲအား ခေါက်ဆွဲသုတ်နှင့် ခေါက်ဆွဲအရည်နှစ်မျိုးစားသုံးနိုင်ကြောင်း၊ ဒေသခေါ်ခေါင်စိန်(ဝ)ခေါက်ဆွဲတွင် ဆီအသုံးပြုစရာမလိုပဲ နှမ်း၊ အချဉ်ရွက်၊ ငရုတ်သီး၊ ကြက်သွန်နီ/ဖြူ၊ ပဲပုတ်တို့နှင့်ရော၍ အသုတ်/အရည်(နှစ်)မျိုး စားသုံးနိုင်ပါကြောင်း၊ ရာသီမရွေးစားသုံးကြကြောင်း၊ နေ့စဉ် ခေါင်စိန်(ဝ)ခေါက်ဆွဲပြုလုပ်ရောင်းချခြင်းဖြင့် ကျပ်ခုနှစ်သောင်းဖိုးအထိ ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိပါကြောင်း၊ ဒေသတွင်းရှိ မိသားစုများအနေဖြင့် (ဝ)လူမျိုးများအကြိုက် ခေါင်စိန်(ဝ)ခေါက်ဆွဲပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု၏စားဝတ်နေရေးအား တစ်ဖက်တစ်လမ်းမှ အဆင်ပြေလျက်ရှိကြောင်း” သိရသည်။
အေးကပ်(ပြန်/ဆက်)