မက်မန်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မွန်နိုးကျေးရွာတွင် သီးထပ်သီးနှံအဖြစ် ပဲစဉ်းငုံများ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“မက်မန်းမြို့နယ် မွန်နိုးကျေးရွာတွင် ပဲစဉ်းငုံများကို လယ်စပါးစိုက်ပျိုးချိန်တွင် သီးထပ်သီးနှံအဖြစ် ယခုနှစ်တွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိကြောင်း သိရသည်။ ပဲစဉ်းငုံများကို စတင်စမ်းသပ်၍ သီးထပ်သီးနှံအဖြစ် စိုက်ပျိုးရာ၌ မက်မန်းမြို့နယ်၏ ရာသီဥတုနှင့် ကိုက်ညီမှုူရှိကြောင်း၊ ထို့ပြင် ပဲစဉ်းငုံပင်များကို ကော်ဖီပင်များစိုက်ပျိုးရာတွင် အရိပ်ရသီးနှံအဖြစ် စတင်စိုက်ပျိုးနေပြီးဖြစ်ကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးခြင်းသည် အသီးခူးဆွတ်၍ ရောင်းချရနိုင်သလို ကော်ဖီပင်များအတွက် အရိပ်လည်းရရှိသဖြင့် လာမည့်နှစ်တွင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” မက်မန်းမြို့နယ်၊ မွန်နိုးကျေးရွာနေ ပဲစဉ်းငုံစိုက်ပျိုးသူ၊ တောင်သူ ဦးအိုက်ခမ်းထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)