ကျောက်ဆည် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက ကျန်းမာသန်စွမ်းပြီး ဘက်စုံထူးချွန်သော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ပညာသင်ချိန်တွင် ကျောင်းစာများ ဦးစားပေးလုပ်ပြီး ပြင်ပဗဟုတများကိုလည်း အချိန်ရသရွေ့ရှာဖွေဆည်းပူးရေး၊ အပေါင်းအသင်းမမှားရေး၊ ကျန်းမာရေး ကောင်းမွန်စွာနေထိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲအုပ်စိုးသူရထွန်းက မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း လူငယ်များဆေးလိပ်မသောက်ကြရေး၊ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုနိုင်သော ဆေးပင်များနှင့် စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုများအကြောင်း၊ မူးယစ်ဆေးဝါးအုပ်စုကြီး (၃)အုပ်စုအကြောင်း၊ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါအများဆုံးဖြန့်ဖြူလျက်ရှိသော နေရာဒေသများအကြောင်း၊ မူယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပါ်လာသည့်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြသနာများအကြောင်း ရှင်းလင်းဟောပြောခဲ့ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဒုရဲအုပ်စိုးသူရထွန်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်