မိုင်းခတ် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၊ အလံတိုင်ကွင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်”အဖွင့်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှမင်းနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များ၊ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ရေးရာမြင့်မားကောင်းမွန်ရန် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ခိုင်မာအောင် လေ့ကျင့်ဖော်ထုတ်ပေးရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်ပညာရေးမှူး ဦးလှမင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာပေထူးချွန်ဆုများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီဆုများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ခရိုင်၊ ပြည်နယ်အဆင့်အားကစားထူးချွန်ဆုများ၊ ပြည်နယ်အဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲဆုများ၊ မြို့နယ်ပညာရေးမှူးရုံး၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာပေနှင့်အားကစားထူးချွန်ဆုများမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာတေးသရုပ်ဖော်အကအလှများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)