သာပေါင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊အသက် (၆၅) နှစ်နှင့် အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (Pfizer Original) ၊ ကျန်းမာရေးဝန်ထမ်းများ၊အသက် (၅၀) နှစ်အထက် နာတာရှည် ရောဂါ ခံစားနေရသော ပြည်သူလူထုများ(Pfizer Omicron VCV) ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ထပ်ဆောင်းထိုးနှံနိုင်ခဲ့ကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကြည့်ရှုအားပေး ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္တအကြိမ် (၃၅) ဦး(Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံပေးခဲ့ပြီး၊ဇန်နဝါရီလ ၁၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသက် (၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊အသက် (၆၅)နှစ်နှင့် အထက် ပြည်သူလူထုများ၊အသက် (၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (၃၅) ဦး (Pfizer Original) ထပ်ဆောင်းထိုးနှံ၊ကျန်းမာရေးဝန်ထမ်းများ၊အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထု(၇၇)ဦး(Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံ၊ အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့် အထက် ပြည်သူ လူထုများ၊ဇန်နဝါရီလ ၁၅ ရက်နေ့က အသက် (၁၈) နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့်ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (၄၂) ဦး(Pfizer Original)ထပ်ဆောင်းထိုးနှံ၊ကျန်းမာရေးဝန်ထမ်းများ၊အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထု (၁၄) ဦး(Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံ၊ဇန်နဝါရီလ ၁၆ ရက်နေ့ အသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊အသက် (၆၅)နှစ်နှင့် အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်များ (၃၅၇) ဦး (Pfizer Original) ၊ ကျန်းမာရေးဝန်ထမ်းများ၊အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထု (၁၄၇) ဦး (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံခဲ့ရာ ဇန်နဝါရီလ ၁၇ ရက်နေ့ အသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊အသက် (၆၅) နှစ်နှင့် အထက် ပြည်သူ လူထုများ၊အသက် (၁၈) နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်(၈၄)(Pfizer Original) ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည် ရောဂါ ခံစားနေရသော ပြည်သူလူထု (၂၈) ဦး(Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံခဲ့ရာ၊ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊အသက် (၆၅) နှစ်နှင့် အထက် ပြည်သူ လူထုများ၊အသက် (၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်မိခင် (၉၁) ဦး(Pfizer Original) ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည် ရောဂါခံစားနေရသော ပြည်သူလူထု (၆၃) ဦး (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံခဲ့ရာ ပေါင်း (၉၇၃) ဦးထိုးနှံနိုင်ခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)