တောင်ကုတ် ဇန်နဝါရီ ၁၉
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန်တို့က အမှာစကား ပြောကြားကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ယိမ်းအကများဖြင့် ကပြတင်ဆက်ကြသည်။
ထို့နောက် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများသို့ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)