ကျိုင်းလပ်မြို့ အ.ထ.က(ဝမ်နတ်)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုင်းလပ် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်”ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)မှ ကျောင်းသား/ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် အဖွင့်သီဆိုဖျော်ဖြေပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်ဥက္ကဋ္ဌ ဦးအောင်တင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ အ.ထ.က(ဝမ်နတ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းအကျိုးတော်ဆောင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက အကအလှ ပဒေသာများဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)