အမ်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်နှင့် ရေသန့်စက် ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

အမ်း  ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ ခွင့်ပြု ချထားငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရေသန့်စက် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်တည်ကော်အဖွဲ့တို့က ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောင်းဆောင်သစ်နှင့် ရေသန့်စက် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Arakan Univ erse Co., Ltd. ကုမ္ပဏီမှ တာဝန်ရှိသူက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်တည်ကော်အဖွဲ့တို့အား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ် ပြီးစီးမှုအခြေအနေနှင့် ရေသန့်စက် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် တို့က Arakan Universe Co., Ltd. ကုမ္ပဏီမှ တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တ ရာယ် ကင်းရှင်းရေးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ-၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၉၄၈.၈၀၀)ကျပ်သန်းဖြင့်  Arakan Universe Co., Ltd. ကုမ္ပဏီမှ တာဝန်ယူ၍ ကျောင်း ဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းအား ၂၈-၈-၂၀၂၃ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၁၅-၃-၂၀၂၄ ရက်နေ့တွင်လုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)