ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဆဒုံး ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ​ဒေါ်ခင်မာဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ ရည်မှန်းချက်၊ Social Media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန် စာပေဖတ်ရှုလေ့လာရန်စသည့် အ​​ကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်၊၊

ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူငယ်ရေးရာနှင့် ပတ်သက်သောစာအုပ်စာစောင်များအား ဖတ်ရှုစေရန်အတွက် ဌားရမ်းပေးခဲ့ကြောင်း သိရသည်၊၊

ခင်မာဝင်း (ဆဒုံး)