တိုက်ကြီးခရိုင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်ပညာရေးမှူးရုံးရှေ့ရင်ပြင်တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အမှတ်(၁၁) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ ဗိုလ်မှူးကြီး သက်၀င်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ အဖွဲ့ဝင် () ဦးစိုးဝင်းမောင်၊ အဖွဲ့ဝင် () လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေး၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ ပညာရတနာခန်းမတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်အဆင့် ကာယ၊ ဉာဏ၊ ဘက်စုံဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့​ကြပြီး တိုက်ကြီးခရိုင်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများက အကအလှများ ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)