လသာ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာအခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက (၃၈) ဖြာမင်္ဂလာကဗျာဖြင့် သီဆို၍ဖွင့်လှစ်ခဲ့ကြပြီး လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လသာမြို့နယ်ပညာရေးမှူး ဒေါ်နော်ဖောဇာက စုံညီပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
ထို့နောက် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီး တွင်ထူးချွန်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများကတေး သရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ စုံညီပွဲတော်တွင်ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူရည်ချွန်ဆုနှင့် ကာယ၊ဉာဏပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိသူ (၂၀၀) ဦးကိုဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)