ပုံပါကျင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာခရိုင်ပညာရေးမှူးဦးမြတ်မိုး၊ မြို့နယ်ပညာရေးမှူးဦးကျော်ဇံဝေ ရပ်မိရပ်ဖဦးစိုင်း၀င်းမြတ်ဦး၊ (အထက) မိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်နှင့် နားကောင်းမူး ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်တို့က ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူလေးများက “စည်းလုံးခြင်းသည်အင်အား” သီချင်းကို အကဖြင့် ကပြတင်ဆက်သည်။
ထို့နောက် ခရိုင်ပညာရေးမှူးဦးမြတ်မိုးနှင့် ရပ်မိရပ်ဖဦးစိုင်း၀င်းမြတ်ဦးတို့က အမှာစကားပြောကြားပြီး အထက (ပုံပါကျင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရည်ချွန်ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားဆုရရှိခဲ့သောကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ရာ ကျောင်းသားကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများက ထာ၀ရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားပြီးမြောက်အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အိအိဖြိုး (ပုံပါကျင်၊ ပြန်/ဆက်)