ရန်ကုန် ဇန်နဝါရီ ၁၈
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများသို့ မွေးမြူရေးအတတ်ပညာ သင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် သန်လျင်ခရိုင်မွေးမြူရေးနှင်ကုသရးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာမောင်လင်းက အလယ်တန်းအဆင့် Grade- 9 ပြီးမြောက်အောင်မြင်ပါက မွေးမြူရေးအတတ်ပညာနှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်အောင်မြင်ပါက ပညာဆက်လက်သင်ယူနိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း အဆင့်မီဖြင့်အောင်မြင်သူများသည် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် မွေးမြူရေးဒီပလိုမာ(၃)နှစ်သင်တန်းနှင့် ငါးလုပ်ငန်းဒီပလိုမာ(၃)နှစ်သင်တန်းများသို့ တက်ရောက်နိုင်ကြမည်ဖြစ်ပြီး သင်တန်းတွင်ထူးချွန်စွာအောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(၄)နှစ်သင်တန်း၊ မွေးမြူရေးပညာဘွဲ့၏ တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှစတင်တက်ရောက်နိုင်မည်ဖြစ်၍ ငါးလုပ်ငန်းဒီပလိုမာသင်တန်းတွင် ထူးချွန်းစွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် တတိယနှစ်(ပထမနှစ်ဝက်)သင်တန်းများ စတင်တက်ရောက်နိုင်မည့် အခွင့်အရေးများရှိကြောင်း၊ သို့ဖြစ်၍ ကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရေး အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်စုစုလှိုင်၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)