သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများအား ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းသည် သန်လျင်ခရိုင်ဦးစီးမှူး၊ သန်လျင်မြို့နယ်ဦးစီးမှူးတို့နှင့်အတူ အဆိုပါကျေးရွာ၏ ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် ကွန်ကရစ်လမ်း(၄)လမ်း လုပ်ငန်းဆောင်ရွက်နေမှု၊ အမှိုက်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် စာကြည်တိုက်တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းသည် ကျေးလက်စီးပွားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းအသင်းအဖွဲ့များ၏ အခက်အခဲများအား သက်ဆိုင်ရာကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာသန့်ရှင်းသာယာလှပရေး စီမံကိန်းလုပ်ငန်းများရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)