ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၈

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက အရှင်ဇနက (မန္တလေးစာသင်သား) ရေးသားထားသည့် “ကိုယ့်ကိုကိုယ် အားပေးကူညီခြင်း” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက “ကိုယ့်ကိုကိုယ်အားပေးကူညီခြင်း” စာအုပ်တွင် ပါဝင်သည့် သူပြောပြသော သူ့ဘဝ၊ ချစ်စရာမလို မမုန်းကြဖို့သာလို၊ ခပ်စိမ်းစိမ်းဘဲ နေလိုက်မယ်၊ ကိုယ့်ကိုကိုယ် ဖေးမကူညီခြင်း၊ စိတ်ဖိစီးမှုတွေ လျော့ဖို့နှင့် စသည့်စာအုပ်ပါအကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နေထက်ပိုင်(ပြန်/ဆက်)