ပင်းတယ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူများအား ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ထုတ်လုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်ကြစေရန်နှင့် ဒေသအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်သူဦးရေများပြားလာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာနိုင်ကြစေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေပါ အခြေခံမှုများနှင့်အညီ နည်းပညာလွဲကြောင်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄) ကို ဈေးတန်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ၌ ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား သင်တန်းသားဦးရေ (၂၀)ဦးသတ်မှတ်ထားပြီး သင်တန်းနည်းပြအဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူးဒေါ်အေးအေးသန့်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများအကြောင်း၊ လူသုံးကုန်လုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများအကြောင်း၊ ဆပ်ပြာရည်အမျိုးမျိုးထုတ်လုပ်နည်း၊ ခေါင်းလျှော်ရေအမျိုးမျိုးထုတ်လုပ်နည်း၊ ကိုယ်တိုက်ဆပ်ပြာထုတ်လုပ်နည်း၊ လက်သန့်ဆေးရေထုတ်လုပ်နည်းနှင့် Quality Control and Packaging အကြောင်းအစရှိသည့် သင်ခန်းစာဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် ထူးချွန်သင်တန်းသား/သင်တန်းသူ(၃)ဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဆပ်ပြာမွှေစက်၊ ကော်ဇလုံ၊ ဂရမ်ချိန်စက်၊ ဆပ်ပြာ Mold မျိုးစုံ၊ ကုန်ကြမ်း၊ ဆပ်ပြာဗူးခွံ၊ Shirnk စသည်တို့ကို (၇)မျိုးပါတစ်စုံစီထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ရင်းနှီးငွေနှင့် နည်းပညာများ ထပ်မံလိုအပ်ပါက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)