ရမည်းသင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့၊ ငှက်သိုက်(မ)အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသား/ကျောင်းသူများအားလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိ ပညာပေး အသိပညာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြစာအုပ်မျိုးစုံတို့ကို ပြသရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်