မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် မအူပင်ကျောင်းတိုက်အတွင်း၌ ဥပ္ပါတသန္တိ ဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မအူပင်ကျောင်းတိုက်အတွင်း၌ ယနေ့ မွန်းလွဲပိုင်းက ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဝါဆိုကျောင်း ဦးဝေဒါနန္ဒအရှင်သူမြတ်မှ စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားပင့်၍ မဟာအောင်မြေမြို့နယ်သံဃနာယကဥက္ကဋ္ဌ မြတောင်တိုက် ခေမာဝင်းကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မထံမှ ကြွရောက်လာ‌သော ပရိတ်သတ်အပေါင်း သူတော်ကောင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ကတ္တူကျောင်း ဦးယုဇနသီရိ အရှင်သူမြတ်မှ ဥပ္ပါတသန္တိ ဒေသနာတရားတော် ကိုနာယူရန်နတ်ဗြဟ္မာများ ပင့်ဖိတ်ပြီး တာဝန်ကျ ဆရာတော်များမှ ဥပ္ပါတသန္တိဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်တရားတော်နားကြား၍ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို (၁၈-၁-၂၀၂၄) ရက်နေ့မှ (၂၇-၁-၂၀၂၄) ရက်နေ့အထိ သံဃာတော် အပါး (၂၇)ပါးမှ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း