မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းစံမြို့ ဝမ်လီကျောင်း၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ စာဖတ်ပရိသတ်များကို စာပေဖတ်ရှု့လေ့လာစေရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ငှားရမ်းထားသည့်စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊ ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိသည့် သုတ၊ ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မိုင်းစံမြို့ ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

မိုင်းစံ (ပြန်/ဆက်)