အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကြီးလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကြီးလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန် စသည့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ရှေ့တန်း အမှတ်(၄)တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးဦး၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးသန့်ဇင်၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းယု၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူးဦးဇော်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်၊ အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်နေဟိန်းထက်၊ အမှတ် (၆၉)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ချောရူပါအောင်၊ မြို့နယ်စည်ပင်သာယာ လ/ ထ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အငယ်တန်းစာရေးဦးဇေထွန်း၊ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဌာနစိတ်မှူး ဦးဇော်လင်းမောင်နှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)