မိုင်းတုံမြို့နယ်၊ စိုက်ပျိူးမွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရေး Grade -9 ကျောင်းသား/သူများနှင့်တွေ့ဆုံ

မိုင်းတုံ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က Grade -9 ကျောင်းသား/သူများနှင့်တွေ့ဆုံ၍ နားကောင်းမူး အ.ထ.ကစာသင်ကျောင်း၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် စတင်ဖွင့်လှစ်မည့် စိုက်ပျိူးမွေးမြူရေး အထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေးအတွက် တွေ့ဆုံခဲ့ရာတွင် မိုင်းဆတ်ခရိုင်၊ မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး Dr.နိုင်ထွန်းဦ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်း၊ မြို့နယ်စိုက်ပျိူးရေး၊ အ.ထ.ကမိုင်းတုံ ကျောင်းအုပ်ဆရာမကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မိုင်းဆတ်ခရိုင်၊ မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး Dr.နိုင်ထွန်းဦးက  Grade -9 ကျောင်းသား/သူများအနေဖြင့် နားကောင်းမူး အ.ထ.က စာသင် ကျောင်းမှာ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် စတင်ဖွင့်လှစ်မည့် စိုက်ပျိူးမွေးမြူရေးအထက်တန်း ကျောင်းသို့ တက်ရောက်မည့် ကျောင်းသား/သူစာရင်းများကို မိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ စာရင်းပေးသွင်းနိုင်တယ်၊ တက်ရောက်တဲ့ကျောင်းသား/သူများအနေနဲ့ ခံစားရမည့်အခွင့်အလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရဲမှူးမြင့်အောင်ကလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ Dr.အောင်ဖြိုးဝေကလည်းကောင်း၊မြို့နယ်စိုက်ပျိူးရေးကလည်းကောင်း အသီးသီးရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)