မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖွဲ့ဝင်များ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကို အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံ

ရန်ကုန် ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများထံသို့ အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှုအားကောင်းစေရေး၊ စီးပွားရေးတိုးချဲ့ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်စေရေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းများအပါအဝင် ပို့ကုန်၊ သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့်   အခြေခံအဆောက်အအုံများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက် ဆွေးနွေးခဲ့‌ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)