မောက်မယ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာ ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများက “ပြည်ထောင်စုအင်အား” အကဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ပညာရေးဆိုင်ရာကိစ္စရပ်များ အား အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.မ.က(ကွန်ကျိုင်း)ကျောင်းအုပ်ဆရာကြီးဦးစိုင်းအောင်ထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်က ကျောင်း၏တိုးတက် ရာတိုးတက်ကြောင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားကာ ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသောကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော်တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)