အလုံ ဇန်နဝါရီ ၁၈
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးပေါင်ချိန်တိုင်းတာခြင်း၊ နှလုံးခုန်နှုန်းများ စမ်းသပ်ခြင်း၊ ဆီးချို ရှိ မရှိ စစ်ဆေးခြင်းများနှင့် သွေးတိုး၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်ကျန်းမာရေး ဗဟုသုတများမှာကြားခဲ့ပြီး သက်ကြီးဘိုးဘွား (၆၅) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို