မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

မင်္ဂလာဒုံ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူကျန်းမာရေးဦးစီးဌာနတွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသန္တာဝင်းက ဆေးထိုးနှံရခြင်း၏ရည်ရွယ်ချက်နှင့် ဆေး၏အသုံးဝင်ပုံများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းမာကအသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်ထက်မကျော်သော ကလေးငယ်များအား ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ယခုကျောင်းအခြေပြုတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်မာရေးဝန်ထမ်းများများမှ လာရောက်ထိုးနှံပေးမည်ဖြစ်ပြီး ဇန်နဝါရီလကုန်အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများအပါအဝင် အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက်တွင် တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား Pfizer Vaccine ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဌေးလင်း