တောင်ဥက္ကလာပမြို့နယ်တွင် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆယ်ကျော်သက်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ  ဇန်နဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် သပြေစာကြည့်တိုက်ကျန်းမာရေးအစီအစဉ်တာဝန်ခံ မခိုင်မွန်နှင့်အဖွဲ့ဝင်များက ‌ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ မိန်းကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြုံတွေ့လာမည်ဖြစ်ကြောင်း၊ ဆယ်ကျော်သက်အရွယ်မှာကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရမည့်အလေ့အထများကို လိုက်နာရမည်ဖြစ်ကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သပြေစာကြည့်တိုက် ကျန်းမာရေးအစီအစဉ်တာဝန်ခံ မခိုင်မွန်နှင့်အဖွဲ့ဝင်များ၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းမှ ဆရာမများ၊ ကျောင်းသူ (၉၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သီတာအေး(ပြန်/ဆက်)