တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

တောင်သာ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဖြိုးသာရ ရေးသားသော ကလေးအားလုံး အောင်မြင့်နိုင်ပါသည်စာအုပ်မှ ကလေးတိုင်း၊ လူတိုင်း၌ သင်ယူမှုပုံစံ Learning Style အမျိုးမျိုးရှိကြောင်း၊ သဘာဝမွေးရာပါ ထိုပုံစံကို ပြောင်းလဲပစ်၍ မရဘဲ ထိုပုံစံဖြင့်ပင် အိမ်၊ ကျောင်း၊ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်တို့နှင့် အဆင်ပြေပြေ ဆက်ဆံနေထိုင်ပြီး အောင်မြင်မှုဆီသို့ ချဉ်းကပ်သွားရမည့် နည်းလမ်းများကို အဓိကထား၍ ရေးသားထားသော ဤစာအုပ်၌ သတိပြုမှတ်သားထားရမည့် ဝေါဟာရများစွာ ပါရှိပါသည်။ သင်ရော၊ သင့်မိသားစုရော၊ သင့်ပတ်ဝန်းကျင်တွင်ပါ ဤဗဟုသုတများ၊ ကွဲပြားခြားနားသော အတွေ့အကြုံများဖြင့် သင်ယူမှုပုံစံများကို အသုံးချကာ အံ့သြလောက်ဖွယ် အကျိုးခံစားလာရမည်ဟု ကျွန်မ ယုံကြည်ပါသည် စသည်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(ပြန်/ဆက်)