နမ္မတီးမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၆)ရက် နံနက်(၉)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် Grade-10 ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းဖြင့် ဖျော်ဖြေသီဆို၍ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူး ဗိုလ်မှူးချုပ်သန့်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အထက-နမ္မတီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းသည်။

ရှေးဦးစွာ အ.ထ.က-နမ္မတီးအတွက် လိုအပ်သောနေရာတွင် အသုံးပြုနိုင်ရန် အမှတ်(၃)ခြေလျင်တပ်မဟာမှူး ဗိုလ်မှူးချုပ်သန့်ဇင်ဦးနှင့်ဇနီး ဒေါ်နန်းခင်အေးမိသားစုမှ အလှူတော်ငွေ (၅)သိန်းကျပ်အား အ.ထ.က-နမ္မတီးကျောင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ထံလှူဒါန်းပြီး ၎င်းက ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အတွက် ပညာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကံထူးမှ အလှူတော်ငွေကျပ်(၇)သိန်းလှူဒါန်းရာ နမ္မတီးကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီးမြို့နယ်၊ ပြည်နယ်နှင့်ဗဟိုအဆင့် ကာယ၊ ဉာဏ ဆုရကျောင်းသား၊ ကျောင်းသူ(၁၄၅)ဦးအား အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အငြိမ်းစားဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အဆိုပါကျောင်းမှ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေ၊ မင်္ဂလာပါ၊ နှလုံးသားသစ္စာကျန်စစ်သား၊ ကျေးတောသူ၊ လက်ပံပွင့်ကောက်၊ ချစ်သူဝိုင်းဝိုင်းလည်၊ မေမေမုန့်ဖိုးပေး၊ ဗမာမလေးပါရှင် တေးသီးချင်းများဖြင့် ဖျော်ဖြေကပြပြီး Grade-9 ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှန်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)