‌ချီဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ချီဖွေ ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ ချီ‌ဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၁၆-၁-၂၀၁၂ ရက်နေ့ နံနက်(၉)နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ကျင်းပခဲ့ရာ အ.ထ.က(ချီဖွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားကာ ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အထက်တန်းအဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသားများအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးက အလယ်တန်းအဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဂျီ‌ခေါယိန်းက အလယ်တန်း၊ မူလတန်းအဆင့် အင်္ဂလိပ်စွမ်းရည်ထူးချွန်‌‌ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ချစ်စမ်းအောင်က အလယ်တန်း၊ မူလတန်းအဆင့်တွင် သင်္ချာစွမ်းရည် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက မြို့နယ်အဆင့်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား လည်း‌‌ကောင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)