ကျောက်မဲမြို့တွင် ကမ္ဘာ့သားဆက်ခြားရေး‌နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

ကျောက်မဲ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးရှိ မက်သဒုန်းဌာနတွင်  "ကမ္ဘာ့သား ဆက်ခြားရေးနေ့(World Contraception Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)မှဦးဆောင်၍  ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA )မှ ဧရိယာမန်နေဂျာ ဒေါက်တာသိန်းဇော်က အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ မီးယပ်သားဖွားအထူးကု ဒေါက်တာစန္ဒာကျော်က အမျိုးသမီး သားဆက်ခြားကျန်းမာရေးနှင့်စပ်လျဉ်းသည့် ဆောင်ရန် /ရှောင်ရန်များနှင့် သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအောင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်း သားဖွားမီးယပ်အထူးကုဒေါက်တာစန္ဒာကျော် MANA မှ ဧရိယာ မန်နေဂျာဒေါက်တာသိန်းဇော်နှင့်ဝန်ထမ်းများ နှင့် ကျောက်မဲမြို့ပေါ်ရှိ ပရဟိတ အသင်းများမှ အမျိုးသမီး ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတက်ရောက်လာသူများကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း MANA မှ N-95 နှာခေါင်းစည်း တစ်ခုစီ၊ Surgical Mask ခုစီ နှင့် တယ်လီဖုန်း ဘေလ် ၃၀၀၀ ကျပ်စီကို မေတ္တာလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)