ကျောက်တန်းမြို့နယ်တွင်  ညောင်ဝိုင်းကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်း

ကျောက်တန်း  အောက်တိုဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာတွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ  တောင်သူဦးသိန်းဝင်း ကွင်းအမှတ်(၆၂၂A)တွင် စိုက်ပျိုးထားသော မနောသုခ မျိုးစေ့ထုတ် စံကွက်အား ယမန်နေ့နံနက် (၁၀)နာရီက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာတွင် တစ်ဧကလျှင်(၁၀၅.၄၃)တင်း ထွက်ရှိပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ပူးပေါင်း၍ ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CEPR)အစီအစဉ်ဖြင့် တောင်သူ()ဦးမှ မိုးစပါးဧကပေါင်း (၅၀)ဧကစိုက်ပျိုးထားပြီး (၂၃)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။         

ခင်ဆွေဝင်း  (ကျောက်တန်း)