ကျေးသီး အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံး ပြုမည့် မဲရုံများအလိုက် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီခန့်က မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦး ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇေယျာနိုင်နှင့် အဖွဲ့ဝင်များသည် မဲပုံး၊ ပလပ်စတစ်ခြင်း၊ ဆန္ဒပြုခန်း၊ အမှန်ခြစ်တံဆိပ်တုံး၊ ရပ်/ကျေးရင်ထိုး ၊ချိတ်ထောင့်၊ လုံခြုံရေး ကြိုး၊ မင်အိုး၊ မီးခြစ်၊ ဖယောင်းတိုင်၊ ဆာလာအိတ်၊ လည်ဆွဲကဒ်၊ စတစ်ကာများ၊ လက်သုတ်ပုဝါများ စသည့် မဲရုံသုံးပစ္စည်းများ၊ မဲရုံပညာပေးဗွီနိုင်းများ၊ ကျန်းမာရေး အသိပညာပေးပိုစတာများ၊
နှာခေါင်းစည်း(Mask)များ၊ လက်ဆေး Hand Gel များ၊ လက်အိတ်များ စသည့် ကျန်းမာရေး ကာကွယ်ပစ္စည်းများကို လိုအပ်သည့် အရေအတွက်အတိုင်း ပြည့်၊မပြည့်နှင့် စနစ်တကျ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် စိစစ်၍ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့သည်။
ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ အပါအဝင် ရပ်ကွက်( ၁၁ )ခုနှင့်ကျေးရွာအုပ်စု( ၃၂ )အုပ်စုတွင် မဲရုံပေါင်း (၆၀)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)